Saturday, March 31, 2018

ကိုယ်ကဘယ်လိုလူစားးလဲ

A / လက်သူကြွယ်က လက်ညိုးထက်မြင့်နေရင်
--------------------------
နှစ်လိုဖွယ်ကောင်းပြီး လက်တွေ.ဆန်သူ၊ ထိုထွင်းကြံဆမှု၊ ဖန်းတီးမှုအားကောင်းတယ်၊ အိုင်ဒီယာ အသစ်တွေ အမြဲရှိနေမယ်၊ ပြသနာပေါင်းစုံဖြေရှင်းနိုင်၊ လုပ်ငန်းခွင်ထဲမှာ မိမိရဲ. အတွေးအခေါ်သစ် အိုင်ဒီယာသစ်တွေကို လက်တွေ.အသုံးးချရင်း ပျော်ရွင်ဆုံးဖြစ်မယ်။ အကြောင်းအရာသစ်တွေကို အမြဲရှာဖွေနေလေ့ရှိ၊ အတွက်အချက်ဝါသနာပါ၊ တက္ကသိုလ်ဆရာ၊ သုသေသနသမားတွေ၊ ပညာရှင်တွေ၊ စစ်သား၊ အရောင်းကိုယ်စားလှယ်တွေ ဖြစ်လေ့ရှိ။ နာမည်ကျော်ကြားလိုခြင်းရှိ။ သူတပါးကို သြဇာအာဏာ ပေးလိုစိတ်နည်း၊ လက်အောက် ငယ်သားများအပေါ် ညှာတာစိတ်ရှိ။ လက်သန်းက ပုံပန်းကောင်းပြီး လက်သူကြွယ် လက်သည်းခွံထိ ရှည်ရင် စကားပြောကောင်း၊ ဆွေးနွေးတင်ပြမှုကောင်းသူများ၊ စာပေရေးသားဟောပြောသူများဖြစ်။ လက်သူကြွယ်က လက်ခလယ်လက်ချောင်းနဲ.ညီရင် စီးပွားရေးမှာ အကြံအဖန်များ၊ အလောင်းအစားရှိ။

B/လက်ညိုးက လက်သူကြွယ်ထက်မြင့်နေရင်
----------------------------------------------
လက္ခဏာပညာမှာ လက်ညိုးကို ဂျူပီတာလက်ချောင်လို.ခေါ်တယ်။ လူတယောက်မိမိရဲ. ကိုယ်ပိုင်အရည်အချင်းတွေကို အသုံးချနိုင်မှုကိုရည်ညွန်းတယ်။ အုပ်ချုပ်ရေး နဲ. သူတပါးကို သြဇာပေးသူ ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းရှိ၊ လုပ်ငန်းတခုကို ကိုယ်ပိုင်အစွမ်းအစနဲ. ဦးစီးဦးဆောင်မှုပြုနိုင်၊ မိမိ အရည်အချင်းတွေကို အပြည့်အ၀အသုံးချနိုင်တဲ့ လုပ်ငန်းခွင်မှာ အောင်မြင်မယ်၊ ပျော်ရွင်ဆုံဖြစ်မယ်၊ သြဇာအာဏာရှိ၊ မာနရှိ၊ မိမိကိုယ်ကို ယုံကြည်မှုရှိ၊ ခေါင်းဆောင်ကောင်းတွေ ဖြစ်တတ်။ လက်ညိုးက လက်ခလယ်နီးပါးထိ ရှည်ရင် အာဏာမက်မော ၊ ချုပ်ကိုင်မှု လွန်ကဲ၊ မိမိကိုယ်ကို အထင်ကြီး။ နိုင်ငံရေးသမား၊ ကျောင်းဆရာ၊ နည်းပြများ ၊ မန်နေဂျာများ ဖြစ်လေ့ရှိ။

C/ လက်ညိုးနဲ. လက်သူကြွယ်ညီနေရင်
--------------------------------------------------
အများနဲ. လိုက်လျောညီထွေဖြစ်အောင် နေထိုင်သူ၊ နားထောင်းတတ်သူများ၊ မိမိ ထင်မြင်ယူဆချက်ကို တပါးသူလိုက်နာလုပ်ဆောင်ဖို. တွန်းအားပေးခြင်းမရှိသလို အစွန်းရောက် အတွေးခေါ် အယူအဆတွေကိုလည်း မနှစ်သက်။ ကိုယ်တိုင်လဲ ပြောတယ် သူများပြောတာလဲ စိတ်ဝင်တစား နားထောင်ပေးကြတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိ။ မိန်းခလေဖြစ်ပါက ချစ်သူအပေါ် သစ္စာရှိ။ သူနာပြု၊ ပရဟိတသမားများ၊ ဆရာဝန်များဖြစ်လေ့ရှိ။

လက်သူကြွယ်က လက်ညိုးထက်မြင့်နေရင်း တခုနဲ.တခု ကွာဟနေပါက သနားကြင်နာစိတ်ရှိပြီး စွန်.ကြဲပေးကမ်းတတ်၊ ငွေမမြဲ၊ သူတပါးကို ကူညီ။ လက်ချောင်းများ ပူးကပ်စေ့နေရင် နှမျောချွေတာ၊ ငွေမြဲ၊ တကိုယ်ကောင်းဆန်တတ်။

မှတ်ချက် ။ လက်နှစ်ဖက်လုံးကို ကြည့်ရန် မိမိသန်သောလက်ကို ဦးစားပေးဖတ်ရန်၊ ညာသန်က ညာလက်ကို ဖတ်ရန်၊ ဘယ်သန်က ဘယ်လက်ကို ဖတ်ရန်။

Wednesday, March 28, 2018

အသက်လမ်းကြောင်းက တိုတို

မေး - ဆရာ အသက်လမ်းကြောင်းတိုတော့ အသက်တိုမှာလား ?

ဖြေ- လက်ဖ၀ါးပြင်မှာ အရေးကြီးဆုံး လမ်းကြောင်း တခုဖြစ်တဲ့ အသက်လမ်းကြောင်းဟာ လူတယောက်ရဲ. ဘ၀တလျောက် ကြိုးစားအားထုတ်မှု ၊ စွမ်းဆောင်ရည် နဲ. ရှင်သန်နေထိုင်ခြင်းကို ကိုယ်စားပြုပါတယ်။ ယင်းအသက်လမ်းကြောင်း တလျောက်မှာတွေ.နိုင်တဲ့ အမျိုးမျိုးသော လက္ခဏာသင်္ကေတတွေရဲ. ကောင်းခြင်း ဆိုးခြင်းတွေကိုတော့ ဆိုင်ရာအသက်အပိုင်းအခြားမှာ ရင်ဆိုင်ကြုံတွေ.ရနိုင်ပါတယ်။ အသက်လမ်းကြောင်းတိုတောင်းခြင်းဟာ မိမိဘ၀ကို သူတပါး ၀င်ရောက်စွက်ဖက်ခံရတတ်ပြီး  ကြိုးစား ရုန်ကန် လုပ်ရှားရတတ်ပါတယ်။ ယနေ.နောက်ပိုင်း လက္ခဏာပညာမှာ  အသက်လမ်းကြောင်းကိုကြည့်ပြီး အသက်ဘယ်လောက်နေရမယ်လို. မဟောတော့ပါ။ စောစောစီစီးသေဆုံးရမယ်ဆိုတာမဟုတ်ပါဘူး။ အသက်လမ်းကြောင်းတိုတိုနဲ. အသက် ၆၀ ကျော်နေတဲ့ လက္ခဏာရှင်လဲရှိပါတယ်။ ပုံပါ အဖိုးအိုရဲ.လက်ကိုလေ့လာကြည့်ပါ။ လက်နှစ်ဖက်လုံးမှာ တိုတောင်းတဲ့ အသက်လမ်းကြောင်းတွေကိုတွေ.ရမှာပါ။ ဘာပြောပြော တိုးတောင်းတဲ့ အသက်လမ်းကြောင်းဟာ အင်မတန် စိတ်ဝင်စားစရာကောင်းပြီး ဆက်လက်လေ့လာစရာတွေ ရှိပါသေးတယ်။



sadhu left hand

Ref ; Holy Hand of India







Tuesday, March 27, 2018

ဘယ်တော့ အိမ်ထောင်ကျမလဲ တွက်ကြည့်မယ်


ပထမဆုံး ပေတံတချောင်းယူပါ၊ ပုံပါအတိုင်း ပေတံကို  နှလုံးလမ်းကြာင်းနဲ. လက်သည်းရဲ. အခြေ ကြားကို ဘေးတိုက် တိုင်းကြည့်ပါ။ အောက်က လက်မှာတော့ ၁၇ စိတ်ရှိပါတယ်။ ဒီအလျားက နှစ် ၅၀ လောက်လို. ဆိုနိုင်ပါတယ်။ ပြီးရင် marriage line နေရာကို လက်သန်းအောက် နှလုံးလမ်းကြောင်းမှ စတင်ပြီး ရေတွက်ပါ။ ပုံပါ လက္ခဏာမှာတော့ ၁၂ စိတ်လောက်အရောက်မှာ marriage line ကိုမြင်ရပါတယ်။ 
ဒီတော့ ပထမဆုံး ပေတံ cm ၁၇ စိတ်ဟာ = နှစ် ၅၀ နဲ. ညီတယ်လို. သဘောထား၊  ၁ စိတ်မှာ နှစ်ဘယ်လောက်ရှိလဲ တွင်ချင်ရင် နှစ် ၅၀ ကို တည် ၁၇ စိတ်နဲ.စားရင် ၂.၉၄၁ (၃ နှစ် နီးပါးလောက်) ရပါတယ်။ marriage line က ၁၂ စိတ်လောက်မှာ တွေ.၇တာဆိုတော့ ၁၂ စိတ် ကို ၂.၉၄၁ နဲ. မြှောက်ရင် ၃၅.၂၉၂ (၃၅ နှစ်ဝန်းကျင်လောက်) ရပါတယ်။ မရှင်းရင် အောက်မှာ အဆင့်လိုက် ကြည့်လို.ရပါတယ်။

17 divisions = 50 years
1 division = 50/17 years = 2.941 years
12 division = 2.941 x 12 = 35.292 years

ဒီတော့  လက္ခဏာရှင်ဟာ အသက် ၃၅ ၀န်းကျင်မှာ အချစ်ကို တွေ.ရှိခဲ့တယ်ပေါ့၊ ဒါက လက်တဖက်ထဲကြည့်ထားတာပါ၊ ပိုတိကျစေဖို. လက်နှစ်ဖက်လုံးကို တိုင်းရပါမယ်။ အခြားလက်ကို တိုင်းကြည့်တဲ့အခါ ၂၅ နှစ် နဲ. ၃၅ နှစ် ၀န်းကျင်လောက်မှာ marriage line (၂) လိုင်းတွေ.တယ် ဆိုပါစို. ဖြစ်နိုင်တာက လက္ခဏာရှင်ဟာ ၂၅ နှစ်ဟာ ချစ်သူတွေ.ရှိခဲ့ပြီး ၃၅ နှစ်မှာ လက်ထပ်နိုင်တယ် လို.ဆိုနိုင်ပါတယ်။ ဒါက အိမ်ထောင်ကျမယ့် နှစ်ကို အကြမ်းဖျင်းခန်.မှန်းပုံလေးပါ။ marriage line နဲ. ပတ်သက်ပြီး အသေးစိတ် မေးခွန်းတွေကတော့ အများကြီးရှိပါသေးတယ်။

လက္ခဏာ မေးမြန်းလိုပါက

လက္ခဏာ ဂုရုကြီး

ဘယ်ညာ လက္ခဏာ
အမည် (အင်္ဂလိပ်လို) - 
အသက် - 
မွေးနေ. (ခုနှစ်၊လ၊ရက်) -
မေးလိုသည့် အကြောင်းအရာ -

Monday, March 26, 2018

ဘယ်လက်လား ညာလက်လား

 

လက္ခဏာ​​လေ့လာတဲ့အခါ ဘယ်​ ညာလက်​ နှစ်​ဖက်​စလုံးကို ​လေ့လာရန်​ လိုပါတယ်​။ နှစ်​ဖက်​ စလုံးဟာ လုံးဝကွဲပြားခြားနားပါတယ်​။

သန်​တဲ့လက်​ (Active hand) နဲ့ မသန်​တဲ့ လက်​ (Passive hand) ရယ်​လို့ ခွဲခြားကြည့်​နိုင်​ပါတယ်​။

ဘယ်​ သို့မဟုတ်​ ညာ မိမိ မသန်​တဲ့ လက်​​တွေ (Passive hand) ဟာ ငယ်​စဉ်​ဘ၀ ​မွေးရာပါ အ​​နေအထား နှင့်​ မသိစိတ်​ကို ညွန်​ပြ​လေ့ရှိပါတယ်​။ အတိတ်​ကာလက အ​ခြေအ​နေ​တွေ​ပေါ့။ 

သန်​တဲ့ လက်​ (Active hand) ​တွေဟာ လူတဦးစီရဲ့ သွင်​ပြင်​၊ အပြင်​​လောက နဲ့ ဆက်​ဆံ​ရေး ၊ ရင့်​ကျက်​တဲ့ အသိစိတ်​​တွေကို ညွန်​ပြ​လေ့ရှိပါတယ်​။ လက်​ရှိကာလ အဖြစ်​အပျက်​​တွေကို ညွန်​ပြ​လေ့ရှိပါတယ်​။ 

သို့​သော်​ ဘယ်​ ညာလက်​နှစ်​ဖက်​နဲ့ ပတ်​သက်​လို့ အ​သေးစိတ်​ မတူကွဲပြားတဲ့ အယူအဆ​တွေ ရှိပါ​သေးတယ်။ အဓိက​က​တော့ လက္ခဏာ ဖတ်​ကြားရာမှာ​တော့ ဘယ်​ ညာ နှစ်​ဖက်​ လုံးက အ​ရေးကြီးပါတယ်​။

သူဌေးဖြစ်မည့်သူ (၂)

ဆင်းရဲသည့် မိသားစုမှ ပေါက်ဖွားလာသည်ဖြစ်စေ လက်ရှိတွင် ငွေးကြေးချို.တဲ့သည် ဖြစ်စေ လက္ခဏာရှင်သည် ဆိုင်ရာ သင်္ကတများ ရှိပါက တနေ. ချမ်းသာမည်ဖြစ်သည်။ သို.သော် လက္ခာဏာရှင်က သူဌေးဖြစ်မည့် သင်္ကတ အထောက်အပံ့များပါသည်ဟုဆိုယုံဖြင့် ၊ ထိုင်နေယုံဖြင့် မကြီးပွားနိုင် သူဌေးမဖြစ်နိုင်၊ လုံ.လ၀ီရိယ ရှိပါမှ လိုရာခရီးရောက်မည်ဖြစ်ပါသည်။   သူဌေးဖြစ်မည့် လက္ခဏများ ဆက်လေ့လာကြည့်ရအောင်ပါ။

ဆင်းရဲသူများရဲ. လက္ခဏာဟာ အများအားဖြင့် ဂြိုလ်ခုံတွေ ကြည့်လိုက်ရင် နိမ့်ပြီး အားနည်းလေ့ရှိတာကို တွေ.ရပါတယ်။ တချို.ဆို ကံလမ်းကြောင်းတောင် ပါမလာကြပါ။

အရံအသက်လမ်းကြောင်း (guard of life line)


လက္ခဏာရှင်မှာ အရံအသက်လမ်းကြောင်းကို တွေ.ရတဲ့အခါ ကောင်းမွန်တဲ့ သင်္ကေတဟု မှတ်ပါလေ။ ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမည် ဆိုတာ အလကားမဟုတ်ပါ။ ကျန်းမာရေးမကောင်းရင် ဘာမှ လုပ်နိုင်မည်မဟုတ်။ ဒီ သင်္ကတဟာဆိုရင် ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်မှု၊ အားကောင်းမှုကို ပြသည်။ ရောဂါဆိုး တခုခုကြောင့် (သို.) အက်ဆီးဒင့်ကြောင့် အသက်အန္တရယ်ထိခိုက်မှု မရှိ၊ အသက်ကို အကာအကွယ်ပေးပါတယ်။ ချုံပြောရရင် ဒီသင်္ကေတဟာ ကြီးပွားချမ်းသာဖို.အတွက် အထောက်အပံ့ကောင်းတခုဖြစ်ပြီး ကိုယ် မမြင်နိုင်တဲ့ နေရာ၊ မမျော်လင့်တဲ့ နေရာကနေ ငွေ အစုလိုက်အပြုံလိုက် များကို ရရှိစေနိုင်ပါတယ်။

လေးထောင့်ကွက်ကြီး (great rectangle) 
 


 နှလုံးလမ်းကြောင်းနဲ.ဦးခေါင်းလမ်းကြောင်းကြား ကြီးမားတဲ့ လေးထောင်ကွက်ဟာ ချမ်းသာကြွယ်ဝခြင်း နှင့် အိမ်ကြီးအိမ်ကောင်း ပိုင်ဆိုင်ရမည် ကို ညွန်ပြပါတယ်။ ကံလမ်းကြောင်း တဖြောင့်တည်းရှိတဲ့ အခါ ပိုလို.ကောင်းပါတယ်။

လေးထောင့်ကွက်ငယ် 


ငွေအစုလိုက် အပြုံလိုက် ၀င်ရောက်ပြီး လက္ခဏာရှင်ဟာ ရုတ်တရက် ချမ်းသာသွားတတ်တဲ့ သင်္ကေတပါ။

ကြိဂံ သင်္ကေတ (triangle sign)



အသက်လမ်းကြောင်း အဆုံးမှာ တွေ.ရတဲ့  ကြိဂံ သင်္ကေတ (triangle sign) လေးဟာ ရုတ်တရက် ငွေကြေးချမ်းသာခြင်းကို ရည်ညွန်းပါသည်။ ဥပမာ ထီပေါက်ခြင်း


သူဌေး ဖြစ်မည့်သူ (၁)

လက္ခဏာ ဂုရုကြီး

လူသားအားလုံနီးပါ ချမ်းသာကြွယ်ဝလိုကြပါတယ်။  ဘာလို.ချမ်းသာချင်တာလဲဆိုတော့ လိုအပ်ချက် အကြောင်းကြောင်းဖြစ်သည် တချို.က မိသားစုအတွက် ၊ တချို.ကလည်း အများအတွက် စသဖြင့်။ ပိုက်ဆံရှိရင် ဘာမဆို လုပ်နိုင်သည်မှာ လူ.ဘောင်တွင် ရာနှုးန်းပြည့်နီးပါ မှန်သည်။ မိမိ မိသားစု ကျန်းမာရေး ၊ ပညာရေးအတွက် ပိုက်ဆံမရှိရင် ထောက်ပံ့မပေးနိုင်၊ စောင့်ရှောက်မပေးနိုင်။ မိမိမှာ ချမ်းသားကြွယ်ဝမည့် လက္ခဏာ ပါမပါ လေ့လာကြည့်ပါမည်။

လက်ချောင်းများ ရှည်လျား ဖြောင့်တန်းနေခြင်း ၊  နှလုံးလမ်းကြောင်း နှင့် ဦးခေါင်းလမ်းကြောင်းများ နက်ရှိုင်း ရှည်လျားစွာ ဖြစ်တည်နေခြင်း နှင့် ကောင်းမွန်တဲ့ ကံကြမ္မာလမ်းကြောင်းတွေ ရှိရင် အခြေခံအားဖြင့်တော့ အတိတ်ကံကောင်းတယ်လို. ယူဆနိုင်ပြီး ချမ်းသာကြွယ်ဝနိုင်ဖို. အခွင့်အလမ်းကောင်းတွေကို ကြုံတွေ.နိုင်ပါတယ်။ လူတယောက် ဘယ်လောက်ထိ ကြွယ်ဝချမ်းသာမလဲ ပြောနိုင်ဖို.ဆိုတာ သင်္ကတ တခုထဲကြည့်ပြီးဆုံဖြတ်လို. မရပါသလို အခြားအထောက်အပံ့မည့်စေမည့် လက္ခဏာ သင်္ကတများကို လည်း လေ့လာရပါမယ်။  သူဌေး ဖြစ်ဖို.အထောက်အပံ့ပေးမည့် လက္ခဏာတွေကို လေ့လာကြည့်ရအောင်။

ငါး သင်္ကတ (fish sign)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiojrB1OvzTWfTx8dc_3R95QwPm4U0CMrn3XeqjGHWW2AMWSY-d0I5qVB54ZsZ3JT83I0bkq5udFp8BRozgoIIviDHpkd50B8wXJ9582miYDTAMA3-XQmz9EdPzjcgUIVw5MurbKQ3C3U0/s1600/indian_palmistry-palm+reading_fish_sign_symbol_mark_kite_line.jpg  Image result for fish lucky sign in your hand

လက်ဖနှောင့် အသက်လမ်းကြောင်း အဆုံးမှာ တွေ.ရလေ့ရှိပြီး ဘဲဥ ပုံသဏ္ဍန်လေးရှိတတ်ပါတယ်။ လက္ခဏာ ရှင်ဟာ ဘာသာာရေးကိုင်းရှိုင်း၊ စိတ်သဘောထားကောင်းမွန်ပြီး အများအကျိုးကို သယ်ပိုးဆောင်ရွက်လိုစိတ် ရှိပါလိမ့်မယ်။

Apallo Line

Line of Apollo in Palmistry

အနည်းငယ် ရှည်လျား ဖြောင့်တန်းနေပြီး လက်ချောင်းရဲ. အခြေခံမှာ အဆုံးသတ်ပါတယ်။ ကျိုးပြတ်ခြင်း မရှိပဲ တဖြောင့်တည်း နက်နက်ရှိုင်းရှိုင်းတွေ.ရရင် ဘ၀မှာ ထင်ရှား အောင်မြင်ကျော်ကြားသူတွေ ဖြစ်မှာပါ။

ကံကြမ္မာလမ်းကြောင်း (line of fate)

Line of Fate in palm reading

လက်ဖနှောင့် အောက်ခြေမှစပြီး လက်ခလယ်အောက်ခြေထိ တည်ရှိတတ်ပြီး အရေးကြီးသော လမ်းကြောင်းတခု ဖြစ်ပါသည်။ ယင်းလမ်းကြောင်းသည် ရှင်းရှင်း လင်းလင်းနှင့် ဖြောင့်ဖြောင့်တန်းတန်း တည်ရှိသင့်ပါသည်။ ထိုသို. မဟုတ် ကံကြမ္မာလမ်းကြောင်းသည် ဦးခေါင်းလမ်းကြောင်းတွင် ရပ်တန်းနေပါက လက္ခဏာရှင်သည် တပါးသူအတွက် လုပ်ကိုင်ပေးရသည့် အလုပ်မျိုးထက် ကိုယ်ပိုင် အမှိခိုကင်းကင်းနှင့် လုပ်ကိုင်ပါက ပိုမို အောင်မြင်နိုင်ခြေ ရှိပါသည်။

ခရင်းခွများ (trident sign)

ချမ်းသာ ကြွယ်ဝမှု ၊ အရှိန်အ၀ါ နှင့် သြဇာ အာဏာ ရှိမှုကို ညွှန်ပြတဲ့ သင်္ကတတခုဖြစ်ပါတယ်။ ဘ၀မှာ မျော်လင့် မထားတဲ့ ငွေကြေးစည်းစိမ်တွေ၊ ဘ၀အဆင့်မြင်တက်မှုတွေကို ဖြစ်နိုင်ပါသည်။

ကြိဂံများ (triangle sign)


https://g.yourchineseastrology.com/upload/366/line-1.png

အင်မတန်ကံကောင်းစေသော သင်္ကတတခုဖြစ်ပြီး ကြီးမားတဲ့ အောင်မြင်မှုကို ညွန်းဆိုပါတယ်။ လက်ဖ၀ါးအလယ်မှာ တွေ.ရရင် လုပ်ငန်းခွင်ထဲ ခေါင်းဆောင်တယောက် ဖြစ်နိုင်ပြီး အလုပ်အကိုင်ကောင်းတွေမှ တဆင့် ငွေကြေးအလွယ်တကူ ၀င်ရောက်နိုင်ပါတယ်။ နှလုံးလမ်းကြောင်း (heart line) နဲ. အိမ်ထောင်ရေးလမ်းကြောင်း (marrige line) အထက်မှာ တွေ.ရတဲ့အခါ အိမ်ထောင်ပြုပြီးသောအခါ (သို.) မိမိချစ်ခင် နှစ်သက်ရသူ၏ ကူညီစောင့်မှုကြောင့် ကြီးပွားခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဥာဏ်လမ်းကြောင်း (head line) အထက်မှာ တွေ.ရှိရပါက လက္ခဏာရှင်ဟာ ပညာရေးနယ်ပယ်မှာ အောင်မြင်မှုများရရှိမည်ကို ညွန်ပြပါသည်။ အသက်လမ်းကြောင်းတွင် တွေ.ရှိရပါက မိမိ အထက်လူကြီး၊ အကြီးအကဲများ စောင့်ရှောက်ကြည့်ရှု.ရာမှ အောင်မြင်ခြင်းကို ဖြစ်စေနိုင်ပြီး အသက်လမ်းကြောင်းအဆုံးတွင် တွေ.ရှိရပါက အသက်ကြီးသည့် အချိန်တွင် ကြီးပွားမည့် လက္ခဏာဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်

လက္ခဏာပညာ (၁)

လက္ခဏာပညာဆိုသည်မှာ လက္ခဏာပညာသည် လူတို.၏ လက်ဝါးပြင်မှာ ဖြစ်ပေါ် ပြောင်းလဲနေသော အရေးအကြောင်းများကို စနစ်တကျလေ့လာမှတ်သားပြီး လက္ခဏာရှင်၏ အကျင့်စာ...