Monday, March 26, 2018
ဘယ်လက်လား ညာလက်လား
လက္ခဏာလေ့လာတဲ့အခါ ဘယ် ညာလက် နှစ်ဖက်စလုံးကို လေ့လာရန် လိုပါတယ်။ နှစ်ဖက် စလုံးဟာ လုံးဝကွဲပြားခြားနားပါတယ်။
သန်တဲ့လက် (Active hand) နဲ့ မသန်တဲ့ လက် (Passive hand) ရယ်လို့ ခွဲခြားကြည့်နိုင်ပါတယ်။
ဘယ် သို့မဟုတ် ညာ မိမိ မသန်တဲ့ လက်တွေ (Passive hand) ဟာ ငယ်စဉ်ဘ၀ မွေးရာပါ အနေအထား နှင့် မသိစိတ်ကို ညွန်ပြလေ့ရှိပါတယ်။ အတိတ်ကာလက အခြေအနေတွေပေါ့။
သန်တဲ့ လက် (Active hand) တွေဟာ လူတဦးစီရဲ့ သွင်ပြင်၊ အပြင်လောက နဲ့ ဆက်ဆံရေး ၊ ရင့်ကျက်တဲ့ အသိစိတ်တွေကို ညွန်ပြလေ့ရှိပါတယ်။ လက်ရှိကာလ အဖြစ်အပျက်တွေကို ညွန်ပြလေ့ရှိပါတယ်။
သို့သော် ဘယ် ညာလက်နှစ်ဖက်နဲ့ ပတ်သက်လို့ အသေးစိတ် မတူကွဲပြားတဲ့ အယူအဆတွေ ရှိပါသေးတယ်။ အဓိကကတော့ လက္ခဏာ ဖတ်ကြားရာမှာတော့ ဘယ် ညာ နှစ်ဖက် လုံးက အရေးကြီးပါတယ်။
Subscribe to:
Post Comments (Atom)
လက္ခဏာပညာ (၁)
လက္ခဏာပညာဆိုသည်မှာ လက္ခဏာပညာသည် လူတို.၏ လက်ဝါးပြင်မှာ ဖြစ်ပေါ် ပြောင်းလဲနေသော အရေးအကြောင်းများကို စနစ်တကျလေ့လာမှတ်သားပြီး လက္ခဏာရှင်၏ အကျင့်စာ...
No comments:
Post a Comment