Saturday, April 21, 2018

လက္ခဏာပညာ (၁)

လက္ခဏာပညာဆိုသည်မှာ

လက္ခဏာပညာသည် လူတို.၏ လက်ဝါးပြင်မှာ ဖြစ်ပေါ် ပြောင်းလဲနေသော အရေးအကြောင်းများကို စနစ်တကျလေ့လာမှတ်သားပြီး လက္ခဏာရှင်၏ အကျင့်စာရိတ္တ၊ တွေ.ကြုံဖြတ်သန်းလာခဲ့ရသောဘ၀ နှင့် အနာဂတ်ရင်ဆိုင်ဖြတ်ကျော်ရနိုင်မည့် ဘ၀ အဆိုးအကောင်းကို စနစ်တကျထုတ်ဖော် ဟောပြောရသည့် ပညာရပ်ဖြစ်ပေသည်။ လက်ဝါပြင်ရှိ အရေးအကြောင်းများသည် လက္ခဏာရှင်၏ ဘ၀ကြေးမုံ မြေပုံတချပ်ပင် ဖြစ်ပြီး ကာယကံရှင်၏ နေထိုင်ကျင့်ကြံမှုပေါ်မူတည်ပြီး လက္ခဏာအရေးအကြောင်းငယ်များသည်လည်း သိသိသာသာဖြစ်စေ မသိမသာဖြစ်စေ ပြောင်းလဲနေလေသည်။

ပြောင်းလဲနေသသော လက္ခဏာအရေးအကြောင်းများ

လက်နှစ်ဖက်လုံးမှာရှိနေတဲ့ လက္ခဏာ အရေးအကြောင်းတွေ ဟာ လက္ခဏာရှင် ဘ၀ရှင်သန်ရပ်တည်နေတဲ့ အချိန်ကာလတလျောက်လုံး ပြောင်းလဲနေမှာ ဖြစ်သည်။ မိမိ လက္ခဏာကို သတိထားကြည့်မိတဲ့သူတိုင်း ၁ နှစ်ထက် ၁နှစ် သေးငယ်တဲ့ လက္ခဏာ အရေးအကြောင်းတွေဟာ သိသိသာသာ ပေါ်ထွက်လာတာ ရှိသလို မှေးမှိန်ပျောက်ကွယ် သွာခြင်းလဲ ရှိပါ၏။ အထူးသဖြင့် မိမိ သန်ရာ သန်ရာ လက်တွေ မှာ ပိုမိုပြောင်းလဲနိုင်တာကို တွေ.ရလေ၏။  ညာသန်သမားများတွင် ညာလက်က အသုံးနည်းတဲ့ ဘယ်လက်ထက် ပိုပြီး အပြောင်းအလဲ ရှိပါတယ်။ ဘယ်သန်သမားတွေလည်း အလားတူဖြစ်၏။ 

လွန်ခဲ့သည့် (၆) နှစ်လောက်က မှတ်တမ်းယူခဲ့တဲ့ ကာယကံ လက္ခဏာရှင်အချို.ကို လက်ရှိကာယကံရှင် ရဲ့ လက္ခဏာတွေ နှိုင်းယှဉ်ရာမှာ လက္ခဏာ အရေးအကြောင်းအချို့ ပြောင်းလဲမှုမျာကို လေ့လာတွေ.ရှိရပါသည်။ အဘယ်ကြောင့်ဆိုသော် လူတယောက်နဲ. တယောက်ဟာ စိတ်သဘောထား ခံယူချက် နျှင့် ပြုမူနေထိုင်ပုံတွေ ဘယ်လိုမှ မတူနိုင်တာကြောင့် လက္ခဏာရှင် တဦးတယောက်ချင်းစီရဲ. လက္ခဏာအရေးအကြောင်းတွေလည်း မတူညီနိုင်။ တယောက်နဲ. တယောက် ကံတရားတွေမတူကြပါ၊ 

အဆိုပါ လက္ခဏာ အရေးအကြောင်းတွေဟာ လက်ရှိကိုယ်က ဘယ်လိုပြုမှုနေထိုင်လဲ ပေါ်မူတည်ပြီး လာမည့်အနာဂတ်မှာ ဘာဖြစ်နိုင်တယ်ဆိုတဲ့ မိမိ ကံကြမ္မာကို ညွန်ပြပေးနိုင်သည်။ ။ ဒါကြောင့် မို့ လက်ရှိကာလ မိမိရဲ့ ဘ၀နေထိုင် ရပ်တည်မှု ကောင်းခြင်း ၊ဆိုးခြင်းတွေဟာ မိမိအနာဂါတ်ကို ဆုံးဖြတ်ပေးမှာဖြစ်သည်။ ။ အနာဂတ်မှာ ကောင်းတာ ဖြစ်ချင်ရင် လက်ရှိကာလမှာ ကောင်းမှု ကုသိုလ်ကို များများ ပြုလုပ်ရပါသည်။  ဒီလို ပြောင်းလဲလာတဲ့ လက္ခဏာ အရေးအကြောင်း တွေဟာ မြေပုံတချပ်ကဲ့သို.ဖြစ်သည်။  မိမိ စိတ်ထဲမှာ ဖြစ်ပျက်နေတဲ့ အတွေးအာရုံတွေ စိတ်ခံစားချက်တွေ အားလုံးကို လက်ဝါးပြင်ဆိုတဲ့ မြေပုံလေးမှာ တဆင့် ပြန်လည်ရေးဆွဲ တင်ပြထားခြင်းဖြစ်သည်။ ဘာလို.လဲဆိုတော့ လက္ခဏာ အရေးအကြောင်းတွေဖြစ်ပေါ်နေတဲ့ လက်ဝါးပြင် အရေပြားရဲ. အောက်မှာ ရှိနေတဲ့ အာရုံကြောတွေဟာ ဦးနှောက်နဲ. ဆက်သွယ်နေတာဖြစ်ပြီး မိမိ ဦးနှောက်က ကြံစည်တွေးတောသမျှအရာအားလုံဟာ ဒီလက်ဝါပြင်ပေါ်မှာ သက်ရောက်နေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို. လက္ခဏာရှင်ဟာ မွန်မြတ်တဲ့ စိတ်စေတနာကောင်းထားရင် နှစ်အနည်းငယ်အတွင်မှာပဲ ကောင်းမွန်တဲ့ လက္ခဏာ ကင်္ကေတတွေ လက်ဝါးပြင်မှာ ပေါ်ပေါက်လာမယ်လို. ယူဆရပါတယ်။

No comments:

Post a Comment

လက္ခဏာပညာ (၁)

လက္ခဏာပညာဆိုသည်မှာ လက္ခဏာပညာသည် လူတို.၏ လက်ဝါးပြင်မှာ ဖြစ်ပေါ် ပြောင်းလဲနေသော အရေးအကြောင်းများကို စနစ်တကျလေ့လာမှတ်သားပြီး လက္ခဏာရှင်၏ အကျင့်စာ...