Wednesday, April 11, 2018

နိုင်ငံခြားသွားရမှာလား

No automatic alt text available.
#ဦးခေါင်း လမ်းကြောင်းနဲ. အသက်လမ်းကြောင်း အနဲငယ်ဟပြီး အစပြုထွက်ပေါ်လာတဲ့အတွက် လက္ခဏာရှင်ဟာ စွန်.စာလိုစိတ်ရှိပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်လိုသူဖြစ်မယ်။

#အသက်လမ်းကြောင်းအဆုံးသတ်ဟာ သောကြာဂြိုလ်ခုံကနေ အနည်းငယ် ဝေးကွာနေတာကြောင့် ဇာတိမွေးရပ်မြေနဲ. ဝေးကွာတဲ့အရပ်မှာ အသက်မွေးရမယ့်သဘော။

#တနင်္လာဂြိုလ်ခုံပေါ်မှာ တွေ.နေရတဲ့ အလျားလိုက်လိုင်းတွေက လက္ခဏာရှင်ဟာ မကြာမဏ နိုင်ငံခြားကို အိမ်ဦးနှင့်ကြမ်းပြင်လို သွားနေရမယ့် နိမိတ်။

#တနင်္လာဂြိုလ်ခုံ အလယ်လောက်ကနေ အထက်ကို ထောင်တက်လာတဲ့ ဒေါင်လိုက် လမ်းကြောင်းလေးတွေကလည်း လက္ခဏာရှင်ဟာ ခရီးရှည် သွားလာရမယ်လို.ဆိုနေတယ်။

#လက္ခဏာရှင်ရဲ.အသက်လမ်းကြောင်းကနေ တနင်္လာဂြိုလ်ခုံဘက် ခွဲထွက်လာတဲ့ လမ်းကြောင်းလေးတွေဟာ မိမိချစ်ခင်နှ်စ်သက်ရသူ မိဘဆွေမျိုးတွေနဲ.ဝေကွာပြီး နိုင်ငံရပ်ခြား တနယ်တကျေးမှာ နှစ်တွေအကြာကြီးနေထိုင်ပြီး အသက်မွေးဝမ်းပြုရမယ့် သဘော။

ခြုံငုံပြောရရင် လက္ခဏာရှင်ဟာ #နိုင်ငံခြားကိုသွားရမယ်၊ နိုင်ငံခြားလမ်းကြောင်းတွေမှာ အဖြတ်အတောက်ကင်းနေတာမို. အဆင်ပြေပြေနဲ. သွားနိုင်မယ်။ လက္ခဏာရှင်ဟာ မိသားစုနဲ. နှစ်ရှည်လများ ခွဲခွာနေထိုင်ပြီး နိုင်ငံခြားမှာ ပညာသင်အနေနဲ.ဖြစ်ဖြစ်၊ ပိုက်ဆံရှာဖို.ပဲဖြစ်ဖြစ် ကြိမ်းသေနိုင်ငံခြား သွားရမှာဖြစ်ပါတယ်။

#လက္ခဏာ ဂုရုကြီး
https://myanmarpalmistry.blogspot.com/

No comments:

Post a Comment

လက္ခဏာပညာ (၁)

လက္ခဏာပညာဆိုသည်မှာ လက္ခဏာပညာသည် လူတို.၏ လက်ဝါးပြင်မှာ ဖြစ်ပေါ် ပြောင်းလဲနေသော အရေးအကြောင်းများကို စနစ်တကျလေ့လာမှတ်သားပြီး လက္ခဏာရှင်၏ အကျင့်စာ...