Saturday, April 21, 2018

လက္ခဏာပညာ (၁)

လက္ခဏာပညာဆိုသည်မှာ

လက္ခဏာပညာသည် လူတို.၏ လက်ဝါးပြင်မှာ ဖြစ်ပေါ် ပြောင်းလဲနေသော အရေးအကြောင်းများကို စနစ်တကျလေ့လာမှတ်သားပြီး လက္ခဏာရှင်၏ အကျင့်စာရိတ္တ၊ တွေ.ကြုံဖြတ်သန်းလာခဲ့ရသောဘ၀ နှင့် အနာဂတ်ရင်ဆိုင်ဖြတ်ကျော်ရနိုင်မည့် ဘ၀ အဆိုးအကောင်းကို စနစ်တကျထုတ်ဖော် ဟောပြောရသည့် ပညာရပ်ဖြစ်ပေသည်။ လက်ဝါပြင်ရှိ အရေးအကြောင်းများသည် လက္ခဏာရှင်၏ ဘ၀ကြေးမုံ မြေပုံတချပ်ပင် ဖြစ်ပြီး ကာယကံရှင်၏ နေထိုင်ကျင့်ကြံမှုပေါ်မူတည်ပြီး လက္ခဏာအရေးအကြောင်းငယ်များသည်လည်း သိသိသာသာဖြစ်စေ မသိမသာဖြစ်စေ ပြောင်းလဲနေလေသည်။

ပြောင်းလဲနေသသော လက္ခဏာအရေးအကြောင်းများ

လက်နှစ်ဖက်လုံးမှာရှိနေတဲ့ လက္ခဏာ အရေးအကြောင်းတွေ ဟာ လက္ခဏာရှင် ဘ၀ရှင်သန်ရပ်တည်နေတဲ့ အချိန်ကာလတလျောက်လုံး ပြောင်းလဲနေမှာ ဖြစ်သည်။ မိမိ လက္ခဏာကို သတိထားကြည့်မိတဲ့သူတိုင်း ၁ နှစ်ထက် ၁နှစ် သေးငယ်တဲ့ လက္ခဏာ အရေးအကြောင်းတွေဟာ သိသိသာသာ ပေါ်ထွက်လာတာ ရှိသလို မှေးမှိန်ပျောက်ကွယ် သွာခြင်းလဲ ရှိပါ၏။ အထူးသဖြင့် မိမိ သန်ရာ သန်ရာ လက်တွေ မှာ ပိုမိုပြောင်းလဲနိုင်တာကို တွေ.ရလေ၏။  ညာသန်သမားများတွင် ညာလက်က အသုံးနည်းတဲ့ ဘယ်လက်ထက် ပိုပြီး အပြောင်းအလဲ ရှိပါတယ်။ ဘယ်သန်သမားတွေလည်း အလားတူဖြစ်၏။ 

လွန်ခဲ့သည့် (၆) နှစ်လောက်က မှတ်တမ်းယူခဲ့တဲ့ ကာယကံ လက္ခဏာရှင်အချို.ကို လက်ရှိကာယကံရှင် ရဲ့ လက္ခဏာတွေ နှိုင်းယှဉ်ရာမှာ လက္ခဏာ အရေးအကြောင်းအချို့ ပြောင်းလဲမှုမျာကို လေ့လာတွေ.ရှိရပါသည်။ အဘယ်ကြောင့်ဆိုသော် လူတယောက်နဲ. တယောက်ဟာ စိတ်သဘောထား ခံယူချက် နျှင့် ပြုမူနေထိုင်ပုံတွေ ဘယ်လိုမှ မတူနိုင်တာကြောင့် လက္ခဏာရှင် တဦးတယောက်ချင်းစီရဲ. လက္ခဏာအရေးအကြောင်းတွေလည်း မတူညီနိုင်။ တယောက်နဲ. တယောက် ကံတရားတွေမတူကြပါ၊ 

အဆိုပါ လက္ခဏာ အရေးအကြောင်းတွေဟာ လက်ရှိကိုယ်က ဘယ်လိုပြုမှုနေထိုင်လဲ ပေါ်မူတည်ပြီး လာမည့်အနာဂတ်မှာ ဘာဖြစ်နိုင်တယ်ဆိုတဲ့ မိမိ ကံကြမ္မာကို ညွန်ပြပေးနိုင်သည်။ ။ ဒါကြောင့် မို့ လက်ရှိကာလ မိမိရဲ့ ဘ၀နေထိုင် ရပ်တည်မှု ကောင်းခြင်း ၊ဆိုးခြင်းတွေဟာ မိမိအနာဂါတ်ကို ဆုံးဖြတ်ပေးမှာဖြစ်သည်။ ။ အနာဂတ်မှာ ကောင်းတာ ဖြစ်ချင်ရင် လက်ရှိကာလမှာ ကောင်းမှု ကုသိုလ်ကို များများ ပြုလုပ်ရပါသည်။  ဒီလို ပြောင်းလဲလာတဲ့ လက္ခဏာ အရေးအကြောင်း တွေဟာ မြေပုံတချပ်ကဲ့သို.ဖြစ်သည်။  မိမိ စိတ်ထဲမှာ ဖြစ်ပျက်နေတဲ့ အတွေးအာရုံတွေ စိတ်ခံစားချက်တွေ အားလုံးကို လက်ဝါးပြင်ဆိုတဲ့ မြေပုံလေးမှာ တဆင့် ပြန်လည်ရေးဆွဲ တင်ပြထားခြင်းဖြစ်သည်။ ဘာလို.လဲဆိုတော့ လက္ခဏာ အရေးအကြောင်းတွေဖြစ်ပေါ်နေတဲ့ လက်ဝါးပြင် အရေပြားရဲ. အောက်မှာ ရှိနေတဲ့ အာရုံကြောတွေဟာ ဦးနှောက်နဲ. ဆက်သွယ်နေတာဖြစ်ပြီး မိမိ ဦးနှောက်က ကြံစည်တွေးတောသမျှအရာအားလုံဟာ ဒီလက်ဝါပြင်ပေါ်မှာ သက်ရောက်နေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို. လက္ခဏာရှင်ဟာ မွန်မြတ်တဲ့ စိတ်စေတနာကောင်းထားရင် နှစ်အနည်းငယ်အတွင်မှာပဲ ကောင်းမွန်တဲ့ လက္ခဏာ ကင်္ကေတတွေ လက်ဝါးပြင်မှာ ပေါ်ပေါက်လာမယ်လို. ယူဆရပါတယ်။

Wednesday, April 11, 2018

နိုင်ငံခြားသွားရမှာလား

No automatic alt text available.
#ဦးခေါင်း လမ်းကြောင်းနဲ. အသက်လမ်းကြောင်း အနဲငယ်ဟပြီး အစပြုထွက်ပေါ်လာတဲ့အတွက် လက္ခဏာရှင်ဟာ စွန်.စာလိုစိတ်ရှိပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်လိုသူဖြစ်မယ်။

#အသက်လမ်းကြောင်းအဆုံးသတ်ဟာ သောကြာဂြိုလ်ခုံကနေ အနည်းငယ် ဝေးကွာနေတာကြောင့် ဇာတိမွေးရပ်မြေနဲ. ဝေးကွာတဲ့အရပ်မှာ အသက်မွေးရမယ့်သဘော။

#တနင်္လာဂြိုလ်ခုံပေါ်မှာ တွေ.နေရတဲ့ အလျားလိုက်လိုင်းတွေက လက္ခဏာရှင်ဟာ မကြာမဏ နိုင်ငံခြားကို အိမ်ဦးနှင့်ကြမ်းပြင်လို သွားနေရမယ့် နိမိတ်။

#တနင်္လာဂြိုလ်ခုံ အလယ်လောက်ကနေ အထက်ကို ထောင်တက်လာတဲ့ ဒေါင်လိုက် လမ်းကြောင်းလေးတွေကလည်း လက္ခဏာရှင်ဟာ ခရီးရှည် သွားလာရမယ်လို.ဆိုနေတယ်။

#လက္ခဏာရှင်ရဲ.အသက်လမ်းကြောင်းကနေ တနင်္လာဂြိုလ်ခုံဘက် ခွဲထွက်လာတဲ့ လမ်းကြောင်းလေးတွေဟာ မိမိချစ်ခင်နှ်စ်သက်ရသူ မိဘဆွေမျိုးတွေနဲ.ဝေကွာပြီး နိုင်ငံရပ်ခြား တနယ်တကျေးမှာ နှစ်တွေအကြာကြီးနေထိုင်ပြီး အသက်မွေးဝမ်းပြုရမယ့် သဘော။

ခြုံငုံပြောရရင် လက္ခဏာရှင်ဟာ #နိုင်ငံခြားကိုသွားရမယ်၊ နိုင်ငံခြားလမ်းကြောင်းတွေမှာ အဖြတ်အတောက်ကင်းနေတာမို. အဆင်ပြေပြေနဲ. သွားနိုင်မယ်။ လက္ခဏာရှင်ဟာ မိသားစုနဲ. နှစ်ရှည်လများ ခွဲခွာနေထိုင်ပြီး နိုင်ငံခြားမှာ ပညာသင်အနေနဲ.ဖြစ်ဖြစ်၊ ပိုက်ဆံရှာဖို.ပဲဖြစ်ဖြစ် ကြိမ်းသေနိုင်ငံခြား သွားရမှာဖြစ်ပါတယ်။

#လက္ခဏာ ဂုရုကြီး
https://myanmarpalmistry.blogspot.com/

Sunday, April 1, 2018

လက္ခဏာပညာဘာလဲ နှင့် ပြောင်းလဲနေသော လက္ခဏာလမ်းကြောင်းများ

လက်နှစ်ဖက်လုံးမှာရှိနေတဲ့ လက္ခဏာ အရေးအကြောင်းတွေ ဟာ လက္ခဏာရှင် ဘ၀ရှင်သန်ရပ်တည်နေတဲ့ အချိန်ကာလတလျောက်လုံး ပြောင်းလဲနေမှာ အမှန်ဖြစ်ပါတယ်။ မိမိ လက္ခဏာကို သတိထားကြည့်မိတဲ့သူတိုင်း သိလိမ့်မယ် ၁ နှစ်ထက် ၁နှစ် သေးငယ်တဲ့ လက္ခဏာ အရေးအကြောင်းတွေဟာ သိသိသာသာ ပေါ်ထွက်လာတာ ရှိသလို မှေးမှိန်ပျောက်ကွယ် သွာတာတွေလဲ ရှိတယ်။ အထူးသဖြင့်ကိုယ် သန်ရာ သန်ရာ လက်တွေ မှာ ပိုပြောင်းလဲတာ တွေ့ရတယ်။ ညာသန်သမားတွေဆို ညာလက်က အသုံးနည်းတဲ့ ဘယ်လက်ထက် ပိုပြီး အပြောင်းအလဲ ရှိပါတယ်။ ဘယ်သန်သမားတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ လွန်ခဲ့တဲ့ ၆ နှစ်လောက်က မှတ်တမ်းယူခဲ့တဲ့ လက္ခဏာတွေဟာ လက်ရှိကာယကံရှင် ရဲ့ လက္ခဏာတွေ နှိုင်းယှဉ်ရာမှာ လက္ခဏာ အရေးအကြောင်းအချို့ ပြောင်းလဲမှုတွေကို လေ့လာရတယ်။ လူတယောက်နဲ. တယောက်ဟာ စိတ်သဘောထား ခံယူချက်တွေ နဲ. ပြုမူနေထိုင်ပုံတွေ ဘယ်လိုမှ မတူနိုင်တာကြောင့် တဦးတယောက်ချင်းစီရဲ. လက္ခဏာအရေးအကြောင်းတွေလည်း မတူညီနိုင်ပါ။ တယောက်နဲ. တယောက် ကံတရားတွေမတူကြပါ၊ 

ဒီတော့ လက္ခဏာ အရေးအကြောင်းတွေဟာ လက်ရှိကိုယ်က ဘယ်လိုပြုမှုနေထိုင်လဲ ပေါ်မူတည်ပြီး လာမည့်အနာဂတ်မှာ ဘာဖြစ်နိုင်တယ်ဆိုတဲ့ ကိုယ့် ကံကြမ္မာကို ညွန်ပြပေးနိုင်တယ်။ ဒါကြောင့် မို့ လက်ရှိကာလ ကိုယ့်ရဲ့ ဘ၀နေထိုင် ရပ်တည်မှု ကောင်းခြင်း ၊ဆိုးခြင်းတွေဟာ ကိုယ့်ရဲ့ အနာဂါတ်ကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ အနာဂတ်မှာ ကောင်းတာ ဖြစ်ချင်ရင် လက်ရှိကာလမှာ ကောင်းတာတွေပဲလုပ်ဖို့ လက္ခဏာပညာက စာရေးသူကို သင်ကြားပေးခဲ့ပါတယ်။ ဒီတော့ ပြောင်း လဲလာတဲ့ ဒီလက္ခဏာ အရေးအကြောင်း တွေဟာ မြေပုံတချပ်လိုပါ၊ မိမိ စိတ်ထဲမှာ ဖြစ်ပျက်နေတဲ့ အတွေးအာရုံတွေ စိတ်ခံစားချက်တွေ အားလုံးကို လက်ဝါးပြင်ဆိုတဲ့ မြေပုံလေးမှာ တဆင့်စီ ပြန်လည်ရေးဆွဲ တင်ပြထားသကဲ့သို.သာဖြစ်ပါတယ်။ ဘာလို.လဲဆိုတော့ လက္ခဏာ အရေးကြောင်းတွေဖြစ်ပေါ်နေတဲ့ လက်ဝါးပြင် အရေပြားရဲ. အောက်မှာ ရှိနေတဲ့ အာရုံကြောတွေဟာ ဦးနှောက်နဲ. ဆက်သွယ်နေတာဖြစ်ပြီး မိမိ ဦးနှောက်က ကြံစည်တွေးတောသမျှအရာအားလုံဟာ ဒီလက်ဝါပြင်ပေါ်မှာ သက်ရောက်နေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို. လက္ခဏာရှင်ဟာ မွန်မြတ်တဲ့ စိတ်စေတနာကောင်းထားရင် နှစ်အနည်းငယ်အတွင်မှာပဲ ကောင်းမွန်တဲ့ လက္ခဏာ ကင်္ကေတတွေ လက်ဝါးပြင်မှာ ပေါ်ပေါက်လာမယ်လို. ယူဆရပါတယ်။

လက္ခဏာ ဂုရုကြီး - Palm Guru
https://myanmarpalmistry.blogspot.com/

ရှုပ်ထွေးသော လက္ခဏာအရေးအကြောင်းများ

လက္ခဏာပညာဟာ လူတယောက်ရဲ. သဘောသဘာဝကို ပြောနိုင်ပါတယ်။ လက်ဝါးပြင်မှာ အလျားလိုက်မျဉ်းဖြတ်တွေများနေခဲ့ရင် လက်ရှိ ဘ၀မှာ ဖြစ်ပျက်နေတဲ့ အရာအားလုံးနဲ. ပတ်သက်ပြီး တွေးပူနေတတ်ကြ၊ စိုးရိမ် ပူပန်တတ်ကြသူများဖြစ်တတ်ပါတယ်။ စိတ်ခံစားချက် တွေများလွန်သူ ဖြစ်ပါတယ်

လက်ဝါးပြင်မှာ ဒီလိုလက္ခဏာအရေးအကြောင်းတွေ များလွန်တာ သိပ်တော့ အကောင်ကြီး မဟုတ်ပါဘူး။ လက္ခဏာရှင်ဟာ မလိုအပ်တဲ့ စိုးရိမ်စိတ်တွေကို လျော့ချနိုင်ဖို. လိုပါတယ်။ စိတ်ကို တတ်နိုင်သလောက် အနားပေး ဖို.လိုအပ်ပါတယ်။ အမှန်တော့ လက္ခဏာ အရေးအကြောင်းတွေဟာ မြေပုံတချပ်လိုပါ၊ မိမိ စိတ်ထဲမှာ ဖြစ်ပျက်နေတဲ့ အတွေးအာရုံတွေ၊ စိတ်ခံစားချက်တွေကို အားလုံးကို လက်ဝါးပြင်ဆိုတဲ့ မြေပုံလေးမှာ တဆင့်စီ ပြန်ရေးဆွဲပြထားသလိုပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကလေးသူငယ်တွေရဲ. လက်ဝါးပြင်ကို လက္ခဏာဖတ်ကြားဖို.ကို မလွယ်ကူပါဘူး ဘာကြောင့်လဲဆိုတော့ သူတို.ရဲ. အတွေးအခေါ်တွေဟာ နုနယ်ပြီး ရင့်ကျက်ပြောင်းလဲခြင်းမရှိသေးတဲ့ အတွက် ဖြစ်ပါတယ်။ 

လူတယောက်ဟာ မရပ်မနား အလုပ်ကို အပြေးအလွှားလုပ်တယ်၊ အနားလဲ လုံလုံလောက်မယူတဲ့အခါ လက်ဝါးပြင်မှာ အရေးကြောင်းတွေ ပိုများလာတတ်ပါတယ်။ လူငယ် လူရွယ်တွေရဲ. လက်ဝါးပြင်မှာ အရေးအကြောင်းတွေများနေတာ တွေ.ရရင် ရည်မှန်းချက် နဲ. အပြောင်းအလဲဖြစ်လိုစိတ်ကို ညွန်ပြ နေသော်လည်း အနာဂတ်မှာ ဘာလုပ်ရမယ် ဆိုတာ ရေရေရာရာ ဆုံးဖြတ်ချနိုင်ခြင်း မရှိသေးပါဘူး။
ဒေါင်လိုက်မျဉ်းမတ်တွေဟာ ကောင်းတဲ့ သင်္ကေတဖြစ်သော်ညား လက်ဝါးပြင်အနှံမှာ ဖြစ်ပေါ်နေတဲ့ အလျားလိုက်မျဉ်းဖြတ်တွေဟာ ဆိုင်ရာဂြိုလ်ခုံတွေရဲ. စွမ်းအင်ကိုလည်း လျော့နည်းစေပါတယ်။ ဒီလို လက်ဝါးပြင်မှာ ရှိတဲ့ အရေးအကြောင်းအားလုံဟာ သူ.အဓိပ္ပာယ်နဲ.သူ ရှိကြသော်လည်း ဖြစ်ပျက်သမျှ အရာအားလုံးကို ကိုယ်စားမပြုပါဘူး။ လက္ခဏာပညာရပ်ဟာ နက်နဲပါတယ်၊

လက္ခဏာပညာ (၁)

လက္ခဏာပညာဆိုသည်မှာ လက္ခဏာပညာသည် လူတို.၏ လက်ဝါးပြင်မှာ ဖြစ်ပေါ် ပြောင်းလဲနေသော အရေးအကြောင်းများကို စနစ်တကျလေ့လာမှတ်သားပြီး လက္ခဏာရှင်၏ အကျင့်စာ...