Sunday, April 1, 2018

ရှုပ်ထွေးသော လက္ခဏာအရေးအကြောင်းများ

လက္ခဏာပညာဟာ လူတယောက်ရဲ. သဘောသဘာဝကို ပြောနိုင်ပါတယ်။ လက်ဝါးပြင်မှာ အလျားလိုက်မျဉ်းဖြတ်တွေများနေခဲ့ရင် လက်ရှိ ဘ၀မှာ ဖြစ်ပျက်နေတဲ့ အရာအားလုံးနဲ. ပတ်သက်ပြီး တွေးပူနေတတ်ကြ၊ စိုးရိမ် ပူပန်တတ်ကြသူများဖြစ်တတ်ပါတယ်။ စိတ်ခံစားချက် တွေများလွန်သူ ဖြစ်ပါတယ်

လက်ဝါးပြင်မှာ ဒီလိုလက္ခဏာအရေးအကြောင်းတွေ များလွန်တာ သိပ်တော့ အကောင်ကြီး မဟုတ်ပါဘူး။ လက္ခဏာရှင်ဟာ မလိုအပ်တဲ့ စိုးရိမ်စိတ်တွေကို လျော့ချနိုင်ဖို. လိုပါတယ်။ စိတ်ကို တတ်နိုင်သလောက် အနားပေး ဖို.လိုအပ်ပါတယ်။ အမှန်တော့ လက္ခဏာ အရေးအကြောင်းတွေဟာ မြေပုံတချပ်လိုပါ၊ မိမိ စိတ်ထဲမှာ ဖြစ်ပျက်နေတဲ့ အတွေးအာရုံတွေ၊ စိတ်ခံစားချက်တွေကို အားလုံးကို လက်ဝါးပြင်ဆိုတဲ့ မြေပုံလေးမှာ တဆင့်စီ ပြန်ရေးဆွဲပြထားသလိုပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကလေးသူငယ်တွေရဲ. လက်ဝါးပြင်ကို လက္ခဏာဖတ်ကြားဖို.ကို မလွယ်ကူပါဘူး ဘာကြောင့်လဲဆိုတော့ သူတို.ရဲ. အတွေးအခေါ်တွေဟာ နုနယ်ပြီး ရင့်ကျက်ပြောင်းလဲခြင်းမရှိသေးတဲ့ အတွက် ဖြစ်ပါတယ်။ 

လူတယောက်ဟာ မရပ်မနား အလုပ်ကို အပြေးအလွှားလုပ်တယ်၊ အနားလဲ လုံလုံလောက်မယူတဲ့အခါ လက်ဝါးပြင်မှာ အရေးကြောင်းတွေ ပိုများလာတတ်ပါတယ်။ လူငယ် လူရွယ်တွေရဲ. လက်ဝါးပြင်မှာ အရေးအကြောင်းတွေများနေတာ တွေ.ရရင် ရည်မှန်းချက် နဲ. အပြောင်းအလဲဖြစ်လိုစိတ်ကို ညွန်ပြ နေသော်လည်း အနာဂတ်မှာ ဘာလုပ်ရမယ် ဆိုတာ ရေရေရာရာ ဆုံးဖြတ်ချနိုင်ခြင်း မရှိသေးပါဘူး။
ဒေါင်လိုက်မျဉ်းမတ်တွေဟာ ကောင်းတဲ့ သင်္ကေတဖြစ်သော်ညား လက်ဝါးပြင်အနှံမှာ ဖြစ်ပေါ်နေတဲ့ အလျားလိုက်မျဉ်းဖြတ်တွေဟာ ဆိုင်ရာဂြိုလ်ခုံတွေရဲ. စွမ်းအင်ကိုလည်း လျော့နည်းစေပါတယ်။ ဒီလို လက်ဝါးပြင်မှာ ရှိတဲ့ အရေးအကြောင်းအားလုံဟာ သူ.အဓိပ္ပာယ်နဲ.သူ ရှိကြသော်လည်း ဖြစ်ပျက်သမျှ အရာအားလုံးကို ကိုယ်စားမပြုပါဘူး။ လက္ခဏာပညာရပ်ဟာ နက်နဲပါတယ်၊

No comments:

Post a Comment

လက္ခဏာပညာ (၁)

လက္ခဏာပညာဆိုသည်မှာ လက္ခဏာပညာသည် လူတို.၏ လက်ဝါးပြင်မှာ ဖြစ်ပေါ် ပြောင်းလဲနေသော အရေးအကြောင်းများကို စနစ်တကျလေ့လာမှတ်သားပြီး လက္ခဏာရှင်၏ အကျင့်စာ...