ဒီတော့ လက္ခဏာ အရေးအကြောင်းတွေဟာ လက်ရှိကိုယ်က ဘယ်လိုပြုမှုနေထိုင်လဲ
ပေါ်မူတည်ပြီး လာမည့်အနာဂတ်မှာ ဘာဖြစ်နိုင်တယ်ဆိုတဲ့ ကိုယ့် ကံကြမ္မာကို
ညွန်ပြပေးနိုင်တယ်။ ဒါကြောင့် မို့ လက်ရှိကာလ ကိုယ့်ရဲ့ ဘ၀နေထိုင် ရပ်တည်မှု
ကောင်းခြင်း ၊ဆိုးခြင်းတွေဟာ ကိုယ့်ရဲ့ အနာဂါတ်ကို ဆုံးဖြတ်ပေးပါလိမ့်မယ်။
အနာဂတ်မှာ ကောင်းတာ ဖြစ်ချင်ရင် လက်ရှိကာလမှာ ကောင်းတာတွေပဲလုပ်ဖို့
လက္ခဏာပညာက စာရေးသူကို သင်ကြားပေးခဲ့ပါတယ်။ ဒီတော့ ပြောင်း လဲလာတဲ့ ဒီလက္ခဏာ
အရေးအကြောင်း တွေဟာ မြေပုံတချပ်လိုပါ၊ မိမိ စိတ်ထဲမှာ ဖြစ်ပျက်နေတဲ့
အတွေးအာရုံတွေ စိတ်ခံစားချက်တွေ အားလုံးကို လက်ဝါးပြင်ဆိုတဲ့ မြေပုံလေးမှာ
တဆင့်စီ ပြန်လည်ရေးဆွဲ တင်ပြထားသကဲ့သို.သာဖြစ်ပါတယ်။ ဘာလို.လဲဆိုတော့ လက္ခဏာ
အရေးကြောင်းတွေဖြစ်ပေါ်နေတဲ့ လက်ဝါးပြင် အရေပြားရဲ. အောက်မှာ ရှိနေတဲ့
အာရုံကြောတွေဟာ ဦးနှောက်နဲ. ဆက်သွယ်နေတာဖြစ်ပြီး မိမိ ဦးနှောက်က
ကြံစည်တွေးတောသမျှအရာအားလုံဟာ ဒီလက်ဝါပြင်ပေါ်မှာ သက်ရောက်နေမှာပဲ
ဖြစ်ပါတယ်။ ဒါကြောင့်မို. လက္ခဏာရှင်ဟာ မွန်မြတ်တဲ့ စိတ်စေတနာကောင်းထားရင်
နှစ်အနည်းငယ်အတွင်မှာပဲ ကောင်းမွန်တဲ့ လက္ခဏာ ကင်္ကေတတွေ လက်ဝါးပြင်မှာ
ပေါ်ပေါက်လာမယ်လို. ယူဆရပါတယ်။
လက္ခဏာ ဂုရုကြီး - Palm Guru
https://myanmarpalmistry.blogspot.com/
လက္ခဏာ ဂုရုကြီး - Palm Guru
https://myanmarpalmistry.blogspot.com/
No comments:
Post a Comment