Monday, March 26, 2018

သူဌေးဖြစ်မည့်သူ (၂)

ဆင်းရဲသည့် မိသားစုမှ ပေါက်ဖွားလာသည်ဖြစ်စေ လက်ရှိတွင် ငွေးကြေးချို.တဲ့သည် ဖြစ်စေ လက္ခဏာရှင်သည် ဆိုင်ရာ သင်္ကတများ ရှိပါက တနေ. ချမ်းသာမည်ဖြစ်သည်။ သို.သော် လက္ခာဏာရှင်က သူဌေးဖြစ်မည့် သင်္ကတ အထောက်အပံ့များပါသည်ဟုဆိုယုံဖြင့် ၊ ထိုင်နေယုံဖြင့် မကြီးပွားနိုင် သူဌေးမဖြစ်နိုင်၊ လုံ.လ၀ီရိယ ရှိပါမှ လိုရာခရီးရောက်မည်ဖြစ်ပါသည်။   သူဌေးဖြစ်မည့် လက္ခဏများ ဆက်လေ့လာကြည့်ရအောင်ပါ။

ဆင်းရဲသူများရဲ. လက္ခဏာဟာ အများအားဖြင့် ဂြိုလ်ခုံတွေ ကြည့်လိုက်ရင် နိမ့်ပြီး အားနည်းလေ့ရှိတာကို တွေ.ရပါတယ်။ တချို.ဆို ကံလမ်းကြောင်းတောင် ပါမလာကြပါ။

အရံအသက်လမ်းကြောင်း (guard of life line)


လက္ခဏာရှင်မှာ အရံအသက်လမ်းကြောင်းကို တွေ.ရတဲ့အခါ ကောင်းမွန်တဲ့ သင်္ကေတဟု မှတ်ပါလေ။ ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမည် ဆိုတာ အလကားမဟုတ်ပါ။ ကျန်းမာရေးမကောင်းရင် ဘာမှ လုပ်နိုင်မည်မဟုတ်။ ဒီ သင်္ကတဟာဆိုရင် ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်မှု၊ အားကောင်းမှုကို ပြသည်။ ရောဂါဆိုး တခုခုကြောင့် (သို.) အက်ဆီးဒင့်ကြောင့် အသက်အန္တရယ်ထိခိုက်မှု မရှိ၊ အသက်ကို အကာအကွယ်ပေးပါတယ်။ ချုံပြောရရင် ဒီသင်္ကေတဟာ ကြီးပွားချမ်းသာဖို.အတွက် အထောက်အပံ့ကောင်းတခုဖြစ်ပြီး ကိုယ် မမြင်နိုင်တဲ့ နေရာ၊ မမျော်လင့်တဲ့ နေရာကနေ ငွေ အစုလိုက်အပြုံလိုက် များကို ရရှိစေနိုင်ပါတယ်။

လေးထောင့်ကွက်ကြီး (great rectangle) 
 


 နှလုံးလမ်းကြောင်းနဲ.ဦးခေါင်းလမ်းကြောင်းကြား ကြီးမားတဲ့ လေးထောင်ကွက်ဟာ ချမ်းသာကြွယ်ဝခြင်း နှင့် အိမ်ကြီးအိမ်ကောင်း ပိုင်ဆိုင်ရမည် ကို ညွန်ပြပါတယ်။ ကံလမ်းကြောင်း တဖြောင့်တည်းရှိတဲ့ အခါ ပိုလို.ကောင်းပါတယ်။

လေးထောင့်ကွက်ငယ် 


ငွေအစုလိုက် အပြုံလိုက် ၀င်ရောက်ပြီး လက္ခဏာရှင်ဟာ ရုတ်တရက် ချမ်းသာသွားတတ်တဲ့ သင်္ကေတပါ။

ကြိဂံ သင်္ကေတ (triangle sign)



အသက်လမ်းကြောင်း အဆုံးမှာ တွေ.ရတဲ့  ကြိဂံ သင်္ကေတ (triangle sign) လေးဟာ ရုတ်တရက် ငွေကြေးချမ်းသာခြင်းကို ရည်ညွန်းပါသည်။ ဥပမာ ထီပေါက်ခြင်း


No comments:

Post a Comment

လက္ခဏာပညာ (၁)

လက္ခဏာပညာဆိုသည်မှာ လက္ခဏာပညာသည် လူတို.၏ လက်ဝါးပြင်မှာ ဖြစ်ပေါ် ပြောင်းလဲနေသော အရေးအကြောင်းများကို စနစ်တကျလေ့လာမှတ်သားပြီး လက္ခဏာရှင်၏ အကျင့်စာ...