Monday, March 26, 2018

သူဌေး ဖြစ်မည့်သူ (၁)

လက္ခဏာ ဂုရုကြီး

လူသားအားလုံနီးပါ ချမ်းသာကြွယ်ဝလိုကြပါတယ်။  ဘာလို.ချမ်းသာချင်တာလဲဆိုတော့ လိုအပ်ချက် အကြောင်းကြောင်းဖြစ်သည် တချို.က မိသားစုအတွက် ၊ တချို.ကလည်း အများအတွက် စသဖြင့်။ ပိုက်ဆံရှိရင် ဘာမဆို လုပ်နိုင်သည်မှာ လူ.ဘောင်တွင် ရာနှုးန်းပြည့်နီးပါ မှန်သည်။ မိမိ မိသားစု ကျန်းမာရေး ၊ ပညာရေးအတွက် ပိုက်ဆံမရှိရင် ထောက်ပံ့မပေးနိုင်၊ စောင့်ရှောက်မပေးနိုင်။ မိမိမှာ ချမ်းသားကြွယ်ဝမည့် လက္ခဏာ ပါမပါ လေ့လာကြည့်ပါမည်။

လက်ချောင်းများ ရှည်လျား ဖြောင့်တန်းနေခြင်း ၊  နှလုံးလမ်းကြောင်း နှင့် ဦးခေါင်းလမ်းကြောင်းများ နက်ရှိုင်း ရှည်လျားစွာ ဖြစ်တည်နေခြင်း နှင့် ကောင်းမွန်တဲ့ ကံကြမ္မာလမ်းကြောင်းတွေ ရှိရင် အခြေခံအားဖြင့်တော့ အတိတ်ကံကောင်းတယ်လို. ယူဆနိုင်ပြီး ချမ်းသာကြွယ်ဝနိုင်ဖို. အခွင့်အလမ်းကောင်းတွေကို ကြုံတွေ.နိုင်ပါတယ်။ လူတယောက် ဘယ်လောက်ထိ ကြွယ်ဝချမ်းသာမလဲ ပြောနိုင်ဖို.ဆိုတာ သင်္ကတ တခုထဲကြည့်ပြီးဆုံဖြတ်လို. မရပါသလို အခြားအထောက်အပံ့မည့်စေမည့် လက္ခဏာ သင်္ကတများကို လည်း လေ့လာရပါမယ်။  သူဌေး ဖြစ်ဖို.အထောက်အပံ့ပေးမည့် လက္ခဏာတွေကို လေ့လာကြည့်ရအောင်။

ငါး သင်္ကတ (fish sign)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiojrB1OvzTWfTx8dc_3R95QwPm4U0CMrn3XeqjGHWW2AMWSY-d0I5qVB54ZsZ3JT83I0bkq5udFp8BRozgoIIviDHpkd50B8wXJ9582miYDTAMA3-XQmz9EdPzjcgUIVw5MurbKQ3C3U0/s1600/indian_palmistry-palm+reading_fish_sign_symbol_mark_kite_line.jpg  Image result for fish lucky sign in your hand

လက်ဖနှောင့် အသက်လမ်းကြောင်း အဆုံးမှာ တွေ.ရလေ့ရှိပြီး ဘဲဥ ပုံသဏ္ဍန်လေးရှိတတ်ပါတယ်။ လက္ခဏာ ရှင်ဟာ ဘာသာာရေးကိုင်းရှိုင်း၊ စိတ်သဘောထားကောင်းမွန်ပြီး အများအကျိုးကို သယ်ပိုးဆောင်ရွက်လိုစိတ် ရှိပါလိမ့်မယ်။

Apallo Line

Line of Apollo in Palmistry

အနည်းငယ် ရှည်လျား ဖြောင့်တန်းနေပြီး လက်ချောင်းရဲ. အခြေခံမှာ အဆုံးသတ်ပါတယ်။ ကျိုးပြတ်ခြင်း မရှိပဲ တဖြောင့်တည်း နက်နက်ရှိုင်းရှိုင်းတွေ.ရရင် ဘ၀မှာ ထင်ရှား အောင်မြင်ကျော်ကြားသူတွေ ဖြစ်မှာပါ။

ကံကြမ္မာလမ်းကြောင်း (line of fate)

Line of Fate in palm reading

လက်ဖနှောင့် အောက်ခြေမှစပြီး လက်ခလယ်အောက်ခြေထိ တည်ရှိတတ်ပြီး အရေးကြီးသော လမ်းကြောင်းတခု ဖြစ်ပါသည်။ ယင်းလမ်းကြောင်းသည် ရှင်းရှင်း လင်းလင်းနှင့် ဖြောင့်ဖြောင့်တန်းတန်း တည်ရှိသင့်ပါသည်။ ထိုသို. မဟုတ် ကံကြမ္မာလမ်းကြောင်းသည် ဦးခေါင်းလမ်းကြောင်းတွင် ရပ်တန်းနေပါက လက္ခဏာရှင်သည် တပါးသူအတွက် လုပ်ကိုင်ပေးရသည့် အလုပ်မျိုးထက် ကိုယ်ပိုင် အမှိခိုကင်းကင်းနှင့် လုပ်ကိုင်ပါက ပိုမို အောင်မြင်နိုင်ခြေ ရှိပါသည်။

ခရင်းခွများ (trident sign)

ချမ်းသာ ကြွယ်ဝမှု ၊ အရှိန်အ၀ါ နှင့် သြဇာ အာဏာ ရှိမှုကို ညွှန်ပြတဲ့ သင်္ကတတခုဖြစ်ပါတယ်။ ဘ၀မှာ မျော်လင့် မထားတဲ့ ငွေကြေးစည်းစိမ်တွေ၊ ဘ၀အဆင့်မြင်တက်မှုတွေကို ဖြစ်နိုင်ပါသည်။

ကြိဂံများ (triangle sign)


https://g.yourchineseastrology.com/upload/366/line-1.png

အင်မတန်ကံကောင်းစေသော သင်္ကတတခုဖြစ်ပြီး ကြီးမားတဲ့ အောင်မြင်မှုကို ညွန်းဆိုပါတယ်။ လက်ဖ၀ါးအလယ်မှာ တွေ.ရရင် လုပ်ငန်းခွင်ထဲ ခေါင်းဆောင်တယောက် ဖြစ်နိုင်ပြီး အလုပ်အကိုင်ကောင်းတွေမှ တဆင့် ငွေကြေးအလွယ်တကူ ၀င်ရောက်နိုင်ပါတယ်။ နှလုံးလမ်းကြောင်း (heart line) နဲ. အိမ်ထောင်ရေးလမ်းကြောင်း (marrige line) အထက်မှာ တွေ.ရတဲ့အခါ အိမ်ထောင်ပြုပြီးသောအခါ (သို.) မိမိချစ်ခင် နှစ်သက်ရသူ၏ ကူညီစောင့်မှုကြောင့် ကြီးပွားခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဥာဏ်လမ်းကြောင်း (head line) အထက်မှာ တွေ.ရှိရပါက လက္ခဏာရှင်ဟာ ပညာရေးနယ်ပယ်မှာ အောင်မြင်မှုများရရှိမည်ကို ညွန်ပြပါသည်။ အသက်လမ်းကြောင်းတွင် တွေ.ရှိရပါက မိမိ အထက်လူကြီး၊ အကြီးအကဲများ စောင့်ရှောက်ကြည့်ရှု.ရာမှ အောင်မြင်ခြင်းကို ဖြစ်စေနိုင်ပြီး အသက်လမ်းကြောင်းအဆုံးတွင် တွေ.ရှိရပါက အသက်ကြီးသည့် အချိန်တွင် ကြီးပွားမည့် လက္ခဏာဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်

No comments:

Post a Comment

လက္ခဏာပညာ (၁)

လက္ခဏာပညာဆိုသည်မှာ လက္ခဏာပညာသည် လူတို.၏ လက်ဝါးပြင်မှာ ဖြစ်ပေါ် ပြောင်းလဲနေသော အရေးအကြောင်းများကို စနစ်တကျလေ့လာမှတ်သားပြီး လက္ခဏာရှင်၏ အကျင့်စာ...