Wednesday, March 28, 2018

အသက်လမ်းကြောင်းက တိုတို

မေး - ဆရာ အသက်လမ်းကြောင်းတိုတော့ အသက်တိုမှာလား ?

ဖြေ- လက်ဖ၀ါးပြင်မှာ အရေးကြီးဆုံး လမ်းကြောင်း တခုဖြစ်တဲ့ အသက်လမ်းကြောင်းဟာ လူတယောက်ရဲ. ဘ၀တလျောက် ကြိုးစားအားထုတ်မှု ၊ စွမ်းဆောင်ရည် နဲ. ရှင်သန်နေထိုင်ခြင်းကို ကိုယ်စားပြုပါတယ်။ ယင်းအသက်လမ်းကြောင်း တလျောက်မှာတွေ.နိုင်တဲ့ အမျိုးမျိုးသော လက္ခဏာသင်္ကေတတွေရဲ. ကောင်းခြင်း ဆိုးခြင်းတွေကိုတော့ ဆိုင်ရာအသက်အပိုင်းအခြားမှာ ရင်ဆိုင်ကြုံတွေ.ရနိုင်ပါတယ်။ အသက်လမ်းကြောင်းတိုတောင်းခြင်းဟာ မိမိဘ၀ကို သူတပါး ၀င်ရောက်စွက်ဖက်ခံရတတ်ပြီး  ကြိုးစား ရုန်ကန် လုပ်ရှားရတတ်ပါတယ်။ ယနေ.နောက်ပိုင်း လက္ခဏာပညာမှာ  အသက်လမ်းကြောင်းကိုကြည့်ပြီး အသက်ဘယ်လောက်နေရမယ်လို. မဟောတော့ပါ။ စောစောစီစီးသေဆုံးရမယ်ဆိုတာမဟုတ်ပါဘူး။ အသက်လမ်းကြောင်းတိုတိုနဲ. အသက် ၆၀ ကျော်နေတဲ့ လက္ခဏာရှင်လဲရှိပါတယ်။ ပုံပါ အဖိုးအိုရဲ.လက်ကိုလေ့လာကြည့်ပါ။ လက်နှစ်ဖက်လုံးမှာ တိုတောင်းတဲ့ အသက်လမ်းကြောင်းတွေကိုတွေ.ရမှာပါ။ ဘာပြောပြော တိုးတောင်းတဲ့ အသက်လမ်းကြောင်းဟာ အင်မတန် စိတ်ဝင်စားစရာကောင်းပြီး ဆက်လက်လေ့လာစရာတွေ ရှိပါသေးတယ်။



sadhu left hand

Ref ; Holy Hand of India







No comments:

Post a Comment

လက္ခဏာပညာ (၁)

လက္ခဏာပညာဆိုသည်မှာ လက္ခဏာပညာသည် လူတို.၏ လက်ဝါးပြင်မှာ ဖြစ်ပေါ် ပြောင်းလဲနေသော အရေးအကြောင်းများကို စနစ်တကျလေ့လာမှတ်သားပြီး လက္ခဏာရှင်၏ အကျင့်စာ...