Tuesday, March 27, 2018

ဘယ်တော့ အိမ်ထောင်ကျမလဲ တွက်ကြည့်မယ်


ပထမဆုံး ပေတံတချောင်းယူပါ၊ ပုံပါအတိုင်း ပေတံကို  နှလုံးလမ်းကြာင်းနဲ. လက်သည်းရဲ. အခြေ ကြားကို ဘေးတိုက် တိုင်းကြည့်ပါ။ အောက်က လက်မှာတော့ ၁၇ စိတ်ရှိပါတယ်။ ဒီအလျားက နှစ် ၅၀ လောက်လို. ဆိုနိုင်ပါတယ်။ ပြီးရင် marriage line နေရာကို လက်သန်းအောက် နှလုံးလမ်းကြောင်းမှ စတင်ပြီး ရေတွက်ပါ။ ပုံပါ လက္ခဏာမှာတော့ ၁၂ စိတ်လောက်အရောက်မှာ marriage line ကိုမြင်ရပါတယ်။ 
ဒီတော့ ပထမဆုံး ပေတံ cm ၁၇ စိတ်ဟာ = နှစ် ၅၀ နဲ. ညီတယ်လို. သဘောထား၊  ၁ စိတ်မှာ နှစ်ဘယ်လောက်ရှိလဲ တွင်ချင်ရင် နှစ် ၅၀ ကို တည် ၁၇ စိတ်နဲ.စားရင် ၂.၉၄၁ (၃ နှစ် နီးပါးလောက်) ရပါတယ်။ marriage line က ၁၂ စိတ်လောက်မှာ တွေ.၇တာဆိုတော့ ၁၂ စိတ် ကို ၂.၉၄၁ နဲ. မြှောက်ရင် ၃၅.၂၉၂ (၃၅ နှစ်ဝန်းကျင်လောက်) ရပါတယ်။ မရှင်းရင် အောက်မှာ အဆင့်လိုက် ကြည့်လို.ရပါတယ်။

17 divisions = 50 years
1 division = 50/17 years = 2.941 years
12 division = 2.941 x 12 = 35.292 years

ဒီတော့  လက္ခဏာရှင်ဟာ အသက် ၃၅ ၀န်းကျင်မှာ အချစ်ကို တွေ.ရှိခဲ့တယ်ပေါ့၊ ဒါက လက်တဖက်ထဲကြည့်ထားတာပါ၊ ပိုတိကျစေဖို. လက်နှစ်ဖက်လုံးကို တိုင်းရပါမယ်။ အခြားလက်ကို တိုင်းကြည့်တဲ့အခါ ၂၅ နှစ် နဲ. ၃၅ နှစ် ၀န်းကျင်လောက်မှာ marriage line (၂) လိုင်းတွေ.တယ် ဆိုပါစို. ဖြစ်နိုင်တာက လက္ခဏာရှင်ဟာ ၂၅ နှစ်ဟာ ချစ်သူတွေ.ရှိခဲ့ပြီး ၃၅ နှစ်မှာ လက်ထပ်နိုင်တယ် လို.ဆိုနိုင်ပါတယ်။ ဒါက အိမ်ထောင်ကျမယ့် နှစ်ကို အကြမ်းဖျင်းခန်.မှန်းပုံလေးပါ။ marriage line နဲ. ပတ်သက်ပြီး အသေးစိတ် မေးခွန်းတွေကတော့ အများကြီးရှိပါသေးတယ်။

No comments:

Post a Comment

လက္ခဏာပညာ (၁)

လက္ခဏာပညာဆိုသည်မှာ လက္ခဏာပညာသည် လူတို.၏ လက်ဝါးပြင်မှာ ဖြစ်ပေါ် ပြောင်းလဲနေသော အရေးအကြောင်းများကို စနစ်တကျလေ့လာမှတ်သားပြီး လက္ခဏာရှင်၏ အကျင့်စာ...